ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ ဥပ္ပါတသန္တိစေတီတော်ကြီးသို့ ဒေသစာရီကြွချီအပူဇော်ခံ

ပုဗ္ဗသီရိ ၁၆ မေ 

နေပြည်တော်၊ ဒက္ခိဏသီရီမြို့နယ်၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့မှ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံလျက်သည်။

 

2

 

စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ အား ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးနိုင်၊ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်ကျော်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ ကပင့်ဆောင်၍ ပျဉ်းမနားမြို့နယ်အတွင်းဖြတ်သန်း အပူဇော်ခံရာ လမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအဖွဲ့များ၊ ဒေသခံမြို့သူမြို့သားများက ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။ 

 

3

 

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်အပူဇော်ခံရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်ဇနီးဒေါ်ခင်စောမူ၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြိုဆိုပင့်ဆောင်၍ ဥပ္ပါတသန္တိစေတီတော် လှိုင်ဂူအတွင်းသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ရွှေထီးတော်များအား ပင့်ဆောင်၍ လက်ယာရစ် အပူဇော်ခံပြီး မုခ်၌ ယာယီ ကိန်းဝပ် စံပယ်ကာ ရင်ငွေ့လှုံသည်။ 

 

4

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဌနှင့်ဇနီး၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူတို့က စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN

 

5