ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ် (၆)စီးနှင့်အတူ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိ

ပခုက္ကူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ဒုရဲအုပ် ဝေလင်းဇော်ဦးတို့ ပူးပေါင်းအဖွဲ့သည် ခိုးမှုများဖော်ထုတ်ဖမ်းဆီးရမိရေး မြို့နယ်များရှိ ရဲစခန်းများနှင့် ချိတ်ဆက်ခြင်းကို မတ် ၃ ရက်တွင် အောင်လံမြို့ နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လောင်လံမြို့နယ်၊ ပြလိုကျေးရွာတွင် ဖိုးခွား (ခ) မျိုးအာကာ၊ အောင်မျိုးသူ၊ ကျော်လင်းထက်တို့ (၃)ဦးအား ဟွန်ဒါကလစ် ၁၂၅ နီ/နက်ကြားရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
မီးရထားသံလမ်း ဖြတ်ကူးမောင်းနှင်သည့် မော်တော်ယာဉ်နှင့် ရထားပွတ်တိုက်မိ နှစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ မတ် ၁၈ ရက်က ရထားလမ်းအား ဖြတ်ကူးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ရထားပွတ်တိုက်မိ၍ ယာဉ်ပေါ်တွင်လိုက်ပါလာသူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘုရားဖူးဟိုင်းလတ်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား
ရှမ်းပြည်နယ် တန့်ယန်းမြို့မှ ဘုရားဖူးရန်သွားသော ယာဉ်အမှတ် SHAN 4C/ --- (ဟိုင်းလတ်)ယာဉ်သည် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က တန့်ယန်း- မိုင်းရှူး-မိုင်းစံလမ်း မိုင်တိုင်အမှတ်(၄ဝ/၄)နှင့် (၄၀/၅)ကြား အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေကန်အတွင်း ငါးစာဆင်းကျွေးရာမှ ငါးနှစ်ခွဲကလေးငယ်တစ်ဦး ရေနစ်သေဆုံး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အမှတ်(၂)ရပ်ကွက်၊ ရထားလမ်းဘေးရှိ စိမ်းလန်း စိုပြည်ရေး ရေကန်အတွင်း၌ မတ်လ ၁၈ ရက် မွန်းလွဲပိုင်းက ငါးစာဆင်းကျွေးရာမှ ငါးနှစ်ခွဲ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်၊ ထိုင်းနိုင်ငံအပိုင် ထိုင်းနိုင်ငံ၊ ချန်ကရပူရီခရိုင်တွင် ဖယောင်းတိုင်မီး မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ ချန်ကရပူရီခရိုင်၊ ချန်ကရပူရီမြို့၊ (၉) ရပ်ကွက်၊ ရှမ်းကုန်းအပိုင်း၊ ပုလိပ်ကုန်းအရှေ့၊ အိမ်အမှတ် (၂၀)ရှိ ပေ (၅၀x၅၀) ၊ RC (၂)ထပ်၊ (၄)ခန်းတွဲ အောက်ထပ်ဈေးဆိုင်ခန်းတွင် ----------------
ပေါက်မြို့နယ် ရေခါးကျေးရွာအနီး ရေနံလုပ်ငန်းခွင်အတွင်း မီးလောင်မှုဖြစ်ပွား
ပေါက်မြို့နယ် သရက္ကန်အုပ်စု ရေခါးကျေးရွာအနီးရှိ တရားမဝင် ရေနံလုပ်ငန်းခွင်အတွင်း မတ် ၁၇ ရက် ည ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
ကြံခင်း၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ ကျောက်တံခါး၊ ပဲခူးမြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်