မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၄၅၄၆၇၀ ပြား ဖမ်းဆီးရမိမှု
စက်တင်ဘာ ၆ ရက် ည ၁၀ နာရီက ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ လသာကျေးရွာနေ ဆွေယော့ဒူးယောင်း (၄၀)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ မီးဖိုဆောင်အတွင်း ထင်းပုံအောက်၌ မြေကျင်းတူး၍ဝှက်ထားသည့် WY စိတ်ကြွဆေးပြား ၈၁၇၀ ပြားအားလည်းကောင်း၊ နေအိမ်၏အရှေ့ဘက် ကပ်လျက်ရှိ ၎င်း၏သမီးဖြစ်သူ မမီနာယာ (၂၂)နှစ်၏နေအိမ်အား ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း မြေကျင်းတူး၍ဝှက်ထားသည့် ဆာလာအိတ် ၂ အိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၄၄၆၅၀ဝ ပြားအားလည်းကောင်း၊ စုစုပေါင်း စိတ်ကြွဆေးပြား ၄၅၄၆၇၀ ပြား (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၉၀၉၃ ဒသမ ၄ သိန်း) ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မြဝတီမြို့၌ အမျိုးသား ၁ ဦးထံမှ ငွေစက္ကူအတု တစ်သောင်းကျပ်တန် ၁၄၂ ရွက် ဖမ်းဆီးရမိ
စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီက မြဝတီမြို့၊ (၁)ရပ်ကွက်၊ သဇင်လမ်းရှိ ဈေးဆိုင်၌ ငွေစက္ကူအတုများ ကိုင်ဆောင်အသုံးပြုနေသူတစ်ဦး တွေ့ရှိကြောင်း -------
ရွှေဘိုစက်မှုဇုန်တွင် ပါဝါလိုင်းရှိ ကြေးကြိုး  ပေ  ၅၀ဝ  ခန့် ခိုးယူခံရမှုဖြစ်ပွား  
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုစက်မှုဇုန် စက်ရောင်ရှိန်လမ်းတွင် စက်တင်ဘာ ၅ ရက်ည  ပါဝါလိုင်း (၄၄၀ ဗို့အား) ရှိ  ကြေးကြိုး နံပါတ်(၄) အရွယ်အစား  ....................
သန်လျင်၌ တွဲကားနှင့် ဆိုင်ကယ်ပွတ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေးဆုံး တစ်ဦးဒဏ်ရာရ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ သနပ္ပင်ကျေးရွာလမ်းဆုံအလွန် ၆ လမ်းသွား လမ်းမကြီး၌ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီက တွဲကားနှင့် ဆိုင်ကယ်တို့ ပွတ်တိုက်မိရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ............
စစ်ကိုင်းမြို့ မင်းလမ်းရပ် နေအိမ်အတွင်း ဖောက်ထွင်းမှုဖြစ်ပွား  
စစ်ကိုင်းမြို့ မင်းလမ်းရပ် နယ်မြေ (၃)(အောင်လျှံသော် ) ကဖေးအနီး ကိုငွေမင်းလူလူ၊ ဇနီး မဇင်မာမြင့်ကျော် နေအိမ်တွင် စက်တင်ဘာ ၆ ရက်နေ့ နေ့ယ် ၂ နာရီခန့် က ..........
မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၂ ရက်မှ ၅ရက်အတွင်း သစ်တောဝန်ထမ်းများ၊သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။