တန့်ဆည်မြို့နယ်တွင်  နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ဝက်တိုးကျေးရွာတွင် ဇွန် ၈ ရက် ညနေပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၉ ဇွန် 

ပဲခူးမြို့၌ ဓားကိုင်သောင်းကျန်းသူ လူငယ် ၃ ဦးအား ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်ဖမ်းဆီး
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့  ဉဿာမြို့သစ်(၈)ရပ်ကွက် မြို့ရှောင်လမ်း၌ ဇွန်  ၇ ရက် ညနေ ၃ နာရီ  မိနစ် ၂၀ တွင် အဆိုပါရပ်ကွက်နေ ဟိန်းဇင်မျိုး၊ ကျော်ကျော်ဝင်း၊ ထက်ဇော်ဝင်း (ခ)ကျန်ကျောင်းတို့ ၃ ဦးသည် ဓားကိုယ်စီ ကိုင်ဆောင်ရမ်းကားသောင်းကျန်းနေကြောင်း သတင်းအရ ..............
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၃၂)မြဝတီမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၇ ရက် ညနေ ၆ နာရီက  မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြလင်းအေးမြိုင်လမ်းရှိ စောတစောင်း(ခ)တူးတူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ
ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ဗုဒ္ဓဝင်ပြခန်း ရုပ်ကြွများပါ ၁၀ ချပ်နှင့် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွများပါ ၂၆ ချပ် မြဝတီမြို့နယ်၌ သိမ်းဆည်းရမိ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ ကော့ကရိတ် - မြဝတီကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား ..............
ရမ်းဗြဲမြို့နယ်၌ စက်လှေနစ်မြှုပ်မှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လက်ခတ်တောင်အနီး ပင်လယ်ပြင်၌  ဇွန် ၇ ရက်နေ့ မွန်းတည့်  ၁၂ နာရီအချိန်တွင် တိုးချဲ့ရပ်ကွက်၊ ကျောက်ဖြူမြို့နေ ဦးသိန်းရွှေ(၅၆)နှစ် မောင်းနှင်ပြီး ငလေပွေ့ကျေးရွာနေ ဦးထွန်းရင်(၄၀)နှစ်ပါကျား (၄)ဦး လိုက်ပါလာသော စက်လှေသည် ဘိလပ်မြေ ၁၂၀ဝ အိတ်အား တင်ဆောင်၍ ကျောက်ဖြူမြို့နယ် ငလေပွေ့ဆိပ်ကမ်းမှ မာန်အောင်မြို့သို့ မောင်းနှင်လာစဉ် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ကြောင်းနှင့် ဦးသိန်းရွှေပါ ၅ ဦးအား ကယ်ဆယ်ရရှိခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
 ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံ ထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေးကောက်ခံရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။