ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ပထမနှစ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ကလေး)မှ ပထမနှစ် သူနာပြုသင်တန်းကျောင်းသားများဖြစ်ကြသော မောင်သန်းထိုက်အောင်၊ မောင်ဇော်မျိုးအောင်၊ မောင်ဟိန်း မင်းသူ၊ မောင်စိုင်းနောင်ထွန်း၊ မောင်ကမ်းမီနှင့် ဒုတိယနှစ် သူနာပြုသင်တန်းကျောင်းသားများဖြစ်ကြသော တွောင်ခန့်တွောင်နှင့် မောင်ထွန်းအောင်တို့ ခုနစ်ဦးသည် အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ အချိန်ခန့်က ကလေးမြို့ နေရဉ္စရာမြစ်(ဖောင်ကူး)နှင့် မြစ်သာမြစ်ဆုံတွင် ရေဆင်းကူးကြရာ မောင်ထွန်းအောင်နှင့် မောင်သန်းထိုက်အောင်တို့နှစ်ဦးသည် ရေနစ်သွားသဖြင့် မောင်ဟိန်းမင်းသူက ဆယ်ယူကယ်တင်ရာ၌ မောင်ထွန်းအောင် တစ်ဦးတည်းကိုသာကယ်တင်နိုင်ခဲ့ပြီး မောင်သန်းထိုက်အောင်မှာ ရေနစ်ထဲသို့ မျောပါ သွားကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ဝါးဒင်းကျေးရွာအနီး၌ သားရေများခွါယူထားသည့် တောဆင်ရိုင်း တစ်ကောင် သေဆုံးလျှက်တွေ့ရှိ
ပြည်ကြီးမဏ္ဍိုင်မြို့ ဝါးဒင်းကျေးရွာအနီး၌ သားရေများခွါယူထားသည့် တောဆင်ရိုင်း တစ်ကောင် သေဆုံးလျှက်တွေ့ရှိ........................................
ရွှေဘို၌ ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့လုယက်သူများကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းမိ

ထီးချိုင့်မြို့ အမှတ် ၃ ရပ်ကွက်အတွင်းမှ ဖဲလောင်းကစား   ပြုလုပ်သူများ ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊အမှတ်(၃)ရပ်ကွက်အတွင်းမှ တရားမဝင် ဖဲလောင်းကစားပြုလုပ်သူများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ ဂိုထောင်တစ်လုံး မီးလောင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၇ နာရီ ၁၅ မိနစ်က ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ကုန်ပစ္စည်း သိုလှောင်သောဂိုထောင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနနမှ သိရသည်။
ပလက်ဝမြို့နယ်အတွင်း AA  အဖွဲ့ ၏   ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ ယနေ့အထိ ပြန်လည်လွတ်မြောက် ရောက်ရှိလာခြင်း မရှိသေး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေး ရွာသူ၊ ကျေးရွာသားများအား AA  အဖွဲ့က  ဖမ်းဆီးခေါ်ဆောင်ခြင်းများ 
AA  အဖွဲ့၏ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး နှင့် ဒေသခံပြည်သူ နှစ်ဦး  ထိခိုက်ဒဏ်ရာရရှိ