စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ 

ပြ‌ည်သူပူးပေါင်းပါဝင်မှု လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၆ ရက်မှ ၁၇ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် နန်းကြီးသာကြိုးပြင် ကာကွယ်တောအတွင်း ဆိုင်ကယ်(၅)စီးပေါ်မှ တရားမဝင် အင်/ တမလန်း/ လုံးပတ် ၃ ပေအောက်အင် သစ်/ ခွဲသား/ ခွဲခြမ်း ၆၁ ဒသမ ၁၇၆၀ တန်နှင့်အတူ ချိန်းဆော (၁)လက်၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂) ဝိုင်းနှင့် ဆက်စပ်ပစ္စည်း(၉) မျိုးကိုလည်းကောင်း။
မတ္တရာမြို့နယ်တွင် ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာအုပ်စု နတ်ကြီးစဉ်ကျေးရွာတွင် မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သထုံမြို့နယ် ကလိကျွန်းကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
မွန်ပြည်နယ် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာတွင် မတ်လ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က မီးမိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းလမ်းမပေါ်၌ ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာအုပ်စု ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃/၃  နှင့် ၄ အကြား ဌာနာရပ်ကွက်၌ မတ်လ ၁၈ ရက် ညနေပိုင်းက ၆ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ 
ပြ‌ည်သူပူးပေါင်းပါဝင်မှု လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၃ ရက်မှ ၁၆ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၀/၇)၊ Toll Gate တွင် မော်တော်ယာဉ် အမှတ်(8I/2768) Super Custom (အဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ၁ ဒသမ ၃၇၅၄ တန်ကိုလည်းကောင်း။
မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် ညပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းဝိန်းကူးတို့ဆိပ်အနီး နမ့်ခမ်း - ကောင်းဝိန်း ကားလမ်းတွင် ဒေါ်နန်းဆိုင်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ
မှန်များတင်ဆောင်လာသော ယာဉ်ပေါ်မှ မှန်ချက်များထွက်ကျ၍ ဆိုင်ကယ်‌မောင်းနှင်လာသူ အမျိုးသမီးအား ထိခိုက်မိ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၉၆/၁ နှင့် ၉၆/၂)ကြားတွင် ယနေ့မွန်းတည့် ၁၂ နာရီက မှန်များတင်ဆောင်လာသောယာဉ်မှ မှန်ချက်များထွက်ကျ၍ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးအား ထိခိုက်မိခဲ့ကြောင်း သိရသည်။