မြေထဲပင်လယ်၌ ရေတပ်နှင့် လေတပ်ဆိုင်ရာ နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

မြေထဲပင်လယ်ရှိ အီဂျစ်ပိုင်ရေပြင်၌ ရေတပ်နှင့် လေတပ်ဆိုင်ရာ နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အီဂျစ်တပ်မတော်က ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံက ကုန်တိုက်ကြီးနှစ်ခု ဈေးကွက်ပြိုလဲလာတဲ့အတွက် လုပ်သား ၂၅,၀၀၀ ရဲ့ရှေ့ရေးစိုးရိမ်ရ
ဗြိတိန်နိုင်ငံက Debenhams ကုန်တိုက်နဲ့ အဝတ်အထည်တွေ ရောင်းချတဲ့ Arcadia တို့ဟာ ဈေးကွက် ပြိုလဲလာတဲ့အတွက် လုပ်သား ၂၅,၀၀၀ ရဲ့ရှေ့ရေး စိုးရိမ်စရာဖြစ်လာကြောင်း သိရပါတယ်။
ကလေးများအား မှောင်ခိုဈေးကွက်မှာ ရောင်းချနေသည့် တရားမဝင်ဆေးခန်းအား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ ၁၀ ဦးကယ်တင်နိုင်
နိုင်ဂျီးယားနိုင်ငံရှိ တရားမဝင် ကလေးမွေးဖွားရာ ဆေးခန်းတစ်ခန်းကနေ ကလေးငယ် လေးဦး၊ ကိုယ်ဝန်ဆောင် လေးဦးနဲ့ တခြားအမျိုးသမီး နှစ်ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ပြောကြားပါတယ်။ 
ဗြိတိန်နိုင်ငံမှာ Pfizer-BioNTech ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုံးစွဲခွင့်ပြုလိုက်ပြီ
ဗြိတိန်နိုင်ငံမှာ Pfizer-BioNTech ဆေးကုမ္ပဏီတို့ကနေ ပူးတွဲထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား လာမယ့်သီတင်းပတ်ကစပြီး သုံးစွဲခွင့်ပြုလိုက်ကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်သူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမယ်
ဂျပန်နိုင်ငံမှာ နေထိုင်သူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမယ်လို့ လွှတ်တော်က ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ဆုံးဖြတ်ကြောင်း သိရပါတယ်။
အိန္ဒိယတွင် ရပ်ထားသောကားပေါ်သို့ ထရပ်ကား တိမ်းမှောက်မှုဖြစ်ပွား လူရှစ်ဦး သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း  ဉတာပရာဒေ့ပြည်နယ်တွင် ယနေ့မနက်က  မော်တော်ယာဉ်တစ်စင်းပေါ်သို့ သဲအပြည့်တင်ဆောင်ထားသော ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူရှစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။