အီသီယိုပီးယား တိုက်ခိုက်မှုတွင် လူပေါင်း ၁၀၀ ထက်မနည်း သေဆုံး

အီသီယိုပီးယားနိုင်ငံ အနောက်ပိုင်းတွင် မကြာသေးမီက လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု အီသီယိုပီးယား ဖက်ဒရယ် လူ့အခွင့်အရေး အဖွဲ့က ယမန်နေ့ နှောင်းပိုင်းက အတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ဆယ်သန်းကျော်အထိ ရောက်ရှိ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၂၄၇၁၂ ဉီးရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၀၁၂၃၇၇၈ ဉီးသို့  ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။
အာဂျင်တီးနား နိုင်ငံက ရုရှားထုတ် ကာကွယ်ဆေးအား သုံးစွဲခွင့်ပြုလိုက်ပြီ
အာဂျင်တီးနား နိုင်ငံတွင်  ရုရှားထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား ဗုဒ္ဓဟူးနေ့က  အရေးပေါ် သုံးစွဲခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။
ဗြိတိန်မှ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် ပါရှိသူများကို ပြင်သစ်က ဝင်ခွင့်ပြုမည်
ဗြိတိန်နိုင်ငံမှ ကုန်ကားမောင်းသမားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် ပါရှိပါက ဗုဒ္ဓဟူးနေ့မှစတင်ကာ ပြင်သစ်နိုင်ငံသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြင်သစ်အစိုးရက  ထုတ်ပြန်ကြေညာခဲ့သည်။
အောက်စဖို့-အက်စတရာ ဇက်နီကာ ထုတ် ကာကွယ်ဆေးက ဗြိတိန်နိုင်ငံမှာ အသုံးပြုခွင့် တောင်းခံထား
အောက်စဖို့ဒ် တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီ အက်စတရာ ဇက်နီကာတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား အသုံးပြုခွင့် ရရှိရန် Oxford-AstraZeneca က ဗြိတိန်အစိုးရထံမှာ ခွင့်ပြုချက် လျှောက်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားပါတယ်။
ရာသီအစ ကတည်းက မန်ယူအသင်း ဖလားများ ကိုင်မြှောက်ခွင့်ရရန် ရည်မှန်းထားပြီးဖြစ်ကြောင်း မက်ဂွိုင်းယား ပြောကြား
မန်ယူအသင်း အနေနဲ့ ရာသီအစ ကတည်းက ဖလားများကိုင်မြှောက်ရန် ရည်မှန်းထားပြီးဖြစ်ကြောင်း  ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ အဲဗာတန်ကို မန်ယူအသင်းက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။ 
ဗြိတိန်နိုင်ငံမှ တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်အချို့နှင့် ထိတွေ့ခဲ့သူများတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ
ဗြိတိန်နိုင်ငံမှ တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်အချို့နှင့် ထိတွေ့ခဲ့သူများတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။