လေးပွင့်ဆိုင်လုံခြုံရေး မဟာမိတ်နိုင်ငံများ(ကွဒ်) ပင်လယ်ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်၊ အိန္ဒိယနှင့် ဩစတြေးလျ ရေတပ်များသည် ဂျပန်ပင်လယ်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၃၃ ဦး ထပ်မံတွေ့ရှိ
အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၃၃ ဦး တွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂၃၁၀၄၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄ သန်းကျော်ရှိလာ
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူ ၁၅၈၂၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၀၀၁၇၄၃ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် ကိုဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်
ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းထန်သည့် အပူပိုင်းမုန်တိုင်း ခွန်ဆူ တိုက်ခတ်မှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ပြီး ကိုးဦးသေဆုံးကာ ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ် သည်ဟုအစိုးရက အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာသည်ဟု ကုလသမဂ္ဂအကြီးအကဲပြော
အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို အကာအကွယ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ကူညီကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။
နိုဝင်ဘာလမှစတင်၍ ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ခွင့်ပြုမည်
ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသော ကမ္ဘာ့နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေအပြည့် ထိုးနှံပြီးစီးသည့် ခရီးသွားများအား ..............
ဂျပန်နိုင်ငံက တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာလတွင် စတင်မည်
ဂျပန်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုကို ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ယမန်နေ့တွင် ပြောကြားသည်။