ပလပ်စတစ်ထုပ်ပိုးမှုမရှိတဲ့ ပစ္စည်းများရောင်းချတဲ့ အောက်စဖို့ဒ်က Waitrose ဆိုင်
ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်ရှိ ဝိတ်ထရို့စ် (Waitrose) ဆိုင်မှာ ဈေးဝယ်သူတွေက ဆန်ကအစ ဘီယာနဲ့ဝိုင်တွေအထိ ကိုယ့်ထည့်စရာနဲ့ ကိုယ်လာဝယ်ရင် ထုပ်ပိုးထားတဲ့ ပစ္စည်းတန်ဖိုးထက် ၁၅ ရာခိုင်နှုန်းဈေးလျှော့ပေးတာကို တွေ့ရပါတယ်။





