ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၃ ရှိပြီး နိုင်ငံပေါင်း ၂၀ ကျော်မှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိ 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၆၃ ဦး ရှိပြီး ရောဂါကူးစက်ခံစားနေရသူ ၂၈,၀၁၈ ဦးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် အပြင်းအထန်ဆုံးခံစားရတဲ့ ဟူဘေပြည်နယ်မှာ ၂၄ နာရီအတွင်း သေဆုံးသူ ၇၀ ဦးရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။  
ပီရူးနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၁၀ ဦး သေဆုံး
ပီရူးနိုင်ငံတောင်ပိုင်း  အရီကွစ်ပါ ဒေသတွင် ယမန်နေ့က  ဘတ်စ်ကား နှင့် ကုန်တင်ကားတို့  တိုက်မိခဲ့ရာ လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံတွင် ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးကင်းရာသို့ ရွေ့ပြောင်းပေးခဲ့ရ
နယူးဇီလန်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ထောင်ပေါင်းများစွာသော ပြည်သူများကို ဘေးကင်းရာသို့ ရွေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။ 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား အမှုမှ တရားသေလွှတ်
အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား စွပ်စွဲပြစ်တင်ခဲ့သည့် တရားစွဲဆိုမှုအတွက် စွပ်စွဲချက်များအားလုံးမှ ထရမ့်အား တရားသေလွှတ်ပေးလိုက်သည်။ 
တူရကီနိုင်ငံ အရှေ့ပိုင်းတွင် တောင်ပေါ်မှနှင်းထုများ ပြိုကျမှုဖြစ်ပွား ၃၈ ဦးသေဆုံး
တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် တောင်ပေါ်မှနှင်းထုများ နှစ်ကြိမ်ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်သားများ အပါအဝင် ၃၈ ဦး ထက်မနည်း သေဆုံးခဲ့သည်။
ဟောင်ကောင်လေကြောင်းလိုင်းရဲ့ ဝန်ထမ်း ၂၇၀၀၀ ကိုလစာမဲ့ခွင့်ယူပေးရန် အမှုဆောင်အရာရှိချုပ် မေတ္တာရပ်ခံ
ဟောင်ကောင်အလံသယ်ဆောင်ထားတဲ့ ကတ်သီပစိဖိတ်လေကြောင်းလိုင်းက သူ့ရဲ့ ဝန်ထမ်း ၂၇,၀၀၀ ကို သီတင်းသုံးပတ်အထိ လစာမဲ့ခွင့်ယူပေးရန် အမှုဆောင်အရာရှိချုပ် သြဂုတ်စတပ်တန်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ လေကြောင်းလိုင်းဟာ အရင်ချိန်က ဟောင်ကောင်ရဲ့ နိုင်ငံရေးမငြိမ်မသက်မှုနဲ့ ရင်ဆိုင်းရပြီး အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။
တိုကျို အိုလံပစ်ကျင်းပရေးကော်မတီက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိနေ