သြစတေးလျတောမီးကြောင့် နိုင်ငံ့လူဦးရေရဲ့ ၇၅% အထိ ထိခိုက်မှုရှိကြောင်း လေ့လာတွေ့ရှိ
သြစတေးလျနိုင်ငံသား လေးပုံသုံးပုံ ပမာဏအားဖြင့် လူဦး ၁၈ သန်းလောက်ဟာ တောမီးရဲ့ဒဏ်ကို ခံစားရမှာဖြစ်ကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ဝေတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ အစိုးရကို ထောက်ခံမှုနဲ့ ဒေသတွင်းကျောက်မီးသွေး စီမံကိန်းတွေအပေါ် ထောက်ခံမှုဟာလည်း ကျဆင်းလာကြောင်း Australian National University က ထုတ်ဝေသုတေသနစာတမ်းမှာ ရေးသားထားပါတယ်။








