မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲများတွင် စက်ရက်ကန်းနှင့် လက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်
မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်းရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ပထမဆုံးအကြိမ် အဖြစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲများ၊ ပြပွဲများနှင့် ဈေးရောင်းပွဲတော်တွင် စက်ရက်ကန်းနှင့် လက်ရက်ကန်း ဒီဇိုင်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်များ အခမဲ့ငှားရမ်းပေး
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများ ပြင်ပဗဟုသုတများရရှိနိုင် စေရန်အတွက် ဇန်နဝါရီ(၃)ရက်၊ နံနက်(၉)နာရီခွဲအချိန်က (အ.လ.က)ခွဲ ထူပါရုံနှင့် ရွှေမင်းဝံ(အ.ထ.က) ကျောင်းများသို့ သွားရောက်၍ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ  ဝင်/ထွက် လည်ပတ်
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ဇန်နဝါရီလ ၁ ရက်မှ ၂ ရက်အထိ တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၇၃၀၉) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသား ခရီးသွား ဧည့်သည် (၁၈၂) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် (၂၄) ဦး၊ ပြည်တွင်း ခရီးစဉ်သို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် (၁၈၄) ဦး ရှိကြောင်း သိရသည်။ 
JICA (ODA) SME Two-Step Loan စီမံကိန်းအဆင့်-၁ နှင့် အဆင့်-၂ တို့တွင် ချေးငွေထုတ်ချေးထားရှိမှုအား အသိပေးကြေညာ

M-9 တွင် Geophysical Site Investigation(GSI) လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည်  ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Geophysical Site Investigation(GSI) လုပ်ငန်းများကို