ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေး စောင့်ရှောင်မှုလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ဆေးရုံကြီး (၄)ထပ်လူနာဆောင်၊ သွားနှင့်ခံတွင်းကုသဆောင်၌ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက် ကုသိုလ်ပြုအားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင်ဖွင့်လှစ်သည့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုစာပေနှင့် အကသင်တန်းဖွင့်ပွဲ တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဓမ္မာရုံ အချောသပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွင့်လှစ်သည့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့် မြို့နယ်(၇)မြို့နယ်မှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်း (One Stop Service) ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံမြေပဲအား သတ်မှတ်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲကို သတ်မှတ်ဧက အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
တရုတ်နိုင်ငံတွင်ပြုလုပ်သည့် လက်ဖက်ပြပွဲတွင် မြန်မာနိုင်ငံထုတ်ကုန်လက်ဖက်ခြောက်က ရွှေတံဆိပ်ရရှိ

 

ပြည်‌ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်အခြေပြု ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းများအား တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေး