ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွှန့်ဖေ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ်ယာပင်လမ်းထောင့်သို့ သွား‌ရောက်၍ သစ်ယာပင်လမ်း၏ တောင်ဘက်တွင် ရေစုကန်ရေမြောင်း မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုနှင့် ရေမြောင်းဘောင်ပေါ်တွင် သစ်ပင်များ စိုက်ပျိုးထားရှိမှု မြေယာရှုခင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အလင်းစီမံချက်ဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိတ်ကုသ ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်/ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်အလင်းစီမံချက်ဖြင့် ပျဉ်းမနားမြို့နယ် (ခုတင်-၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများ အခမဲ့မျက်စိ ခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
တောင်ပေါ်ဒေသမှ ထွက်ရှိလာသည့် ပြောင်းဖူးများ မန္တလေးမြို့ရှိ သီရိမာလာကုန်စိမ်းဈေးသို့ နေ့စဉ်ဝင်ရောက်ကာ အရောင်းသွက်

 

မန္တလေး မေ ၂၈

စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ငဖဲ - စေတုတ္တရာ ကားလမ်း ရိုးချောင်းတံတားအနီးတွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၈)အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း(၈၄၀၈)ဧက စိုက်ပျိုးထားရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆည်မြောင်းစနစ်ဖြင့် သီးနှံများ အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် မြစ်ရေတင်စနစ်၊ မြေအောက်ရေ (စက်ရေတွင်း) စနစ်များဖြင့် စိုက်ပျိုးသီးနှံများထားရှိပြီး တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု (၁၈)အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း (၈၄၀၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်

 

ရန်ကုန် မေ ၂၈

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၄)