(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများဖြစ်ကြသည့် ထုပ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃) တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးသည်။






