ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဂျပန်နိုင်ငံ MLIT ဒုတိယဝန်ကြီး နှင့် တွေ့ဆုံ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၆) ကြိမ်မြောက် ဂျပန်-မြန်မာ ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဂျပန်နိုင်ငံ MLIT ဒုတိယဝန်ကြီး Mr . Michio Kikuchi အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
လှိုင်သာယာမြို့နယ်အတွင်း CCTV Camera ၁၂ လုံး တပ်ဆင်ထားရှိသည့်အပြင် အရေးကြီးသည့် နေရာများတွင် ထပ်မံတပ်ဆင်သွားမည်
လှိုင်သာယာမြို့နယ်အတွင်း CCTV Camera (၁၂)လုံး တပ်ဆင်ထားရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစီအစဉ်ဖြင့် အရေးကြီးသည့် နေရာများတွင် CCTV Camera များ ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
ပျဉ်းမနားမြို့အတွင်း မီးလောင်ဆုံးရှုံးခဲ့သည့် မိသားစုများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
သေတ္တာတစ်လုံးစီနှင့် အိမ်ဆောက်လုပ်ရန် အိမ်(၈)လုံးအတွက် ငွေကျပ်(၁၁)သိန်း၊ လူဦးရေ(၄၆)ဦးအတွက် ရိက္ခာငွေ ကျပ် (၉၆၆၀ဝ) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာအတွင်း ပညာရေးပြုပြင်ပြောင်းလဲ တိုးတက်မှုအခြေအနေများ အစီရင်ခံစာနှင့် နှစ်အလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၇-၂၀၁၈)တို့အား မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာအတွင်း ပညာရေးပြုပြင် ပြောင်းလဲတိုးတက်မှု အခြေအနေများ အစီရင်ခံစာနှင့် နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၇-၂၀၁၈)တို့အား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး၊ မသန်စွမ်းသူများအသင်းချုပ်နှင့် Open Society Foundation တို့မှ ကိုယ်စားလှယ်များက သီးခြားစီ လာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
ချပ်သင်းဘေးမဲ့တော စမ်းမြောင်စခန်းတွင် ခရီးသွားဧည့်သည်များ တည်းခိုနိုင်သောဧည့်ရိပ်သာဆောက်လုပ်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသို့ လာရောက်လည်ပတ်မည့်ခရီးသွားဧည့်သည်များ တည်းခိုနားနေနိုင်ရန် ဧည့်ရိပ်သာဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ထံမှ သိရသည်။
သရက်ခရိုင်ရှိ ကျေးရွာများအတွက် ရေစုပ်စက်(၁၅)စုံ လွှဲပြောင်းပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၅ ခုနှစ် အတွင်း ရေကြီးနစ်မြှုပ်မှုဒဏ် နှင့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့် သရက်ခရိုင်အတွင်းရှိ ကျေးရွာများအတွက် .......