စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပ

စာကြည့်တိုက်များရေရှည်တည်မြဲစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့် တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာ ကြည့်တိုက်၌ ကျင်းပခဲ့သည်။
စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ဆေးဝါးဆိုင်များအား ရှောင်တခင်စစ်ဆေး
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးရှိ အိမ်သုံးဆေးဝါးဆိုင်နှင့် စိုက်ပျိုးရေးသုံးဆေးဝါးအရောင်းဆိုင်များအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်မှ ကျောင်းသား/သူ ၂၀၇၃၀ ဝင်ရောက်ဖြေဆိုမည်
၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင် ဖြေဆိုကြမည်ဖြစ်ရာ  ကရင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၀၇၃၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်၁၀ နာရီက စုကလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့နယ်၌ မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရေး ကွင်းဆင်းဟောပြော
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ပြည်သူများ မှုခင်းများနှင့် ပတ်သက်ပြီး ---------
မိုင်းယောင်းထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲတွင် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထပ်လုံစွမ်ယောင်းစေတီတော်တွင် တည်ထားကိုးကွယ်သည့် ထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်နေ့)က .....
တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်၌ ပထမအကြိမ်အဖြစ် ဆီမီးတစ်သောင်းထွန်းညှိ ပူဇော်ပွဲ  ကျင်းပ   
တာချီလိတ်မြို့ ကျက်သရေဆောင် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပထမအကြိမ် ဆီမီးတစ်သောင်းကပ် လှူပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၉ရက်  ည ၇ နာရီက စည်ကားသိုက်မြိုက်စွာ ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။