လက်ပံတန်းမြို့နယ်တွင် ကျေးရွာငါးရွာ အကျိုးပြု ဆက်သွယ်ရေးလမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဝါးရုံပင်ဇင်းကျေးရွာအုပ်စု ကမ်းနားစုကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းမှ အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပြီး ငွေကျပ်သိန်း (၆၀) အကုန်အကျခံကာ ကမ်းနားစုကျေးရွာ ရွာတွင်းလမ်းနှင့် အောင်စိုးမိုးလမ်းကြီးနှင့် ဆက်သွယ်ထားသော အရှည်ပေ ၄၀ဝ၀၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။








