ဥတ္တရသီရိမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ပြည်သူများ သိရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက ဥတ္တရသီရိရပ်ကွက်(ချင်းရွာ)သို့ သွားရောက်၍ စစ်ဆေးခဲ့သည်။
မီးဘေးသင့်သူများအား ထောက်ပံ့
နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေအား လျှပ်စစ်ဝင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်သူများအား  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဌာနဆိုင်ရာများသွားရောက်၍ ယင်းနေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်းသိရသည်။    
ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီးရှိ ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ် စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ် ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ရန်ကုန်မြို့ရှိ ဘဏ်များအား ကြည့်ရှုစစ်ဆေး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဖေဖော် ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်မွေးနေ့အထိမ်းအမှတ် နိုင်ငံဖြတ်ကျော်ကားမောင်းပြိုင်ပွဲ ပြီးဆုံးခြင်းအခမ်းအနားသို့ တက်ရောက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည့်
ရန်ကုန်စာအုပ်လမ်းတွင် စာကြည့်တိုက်ဥပဒေကြမ်း၊ စာပေပဟေဠိ၊ ဝတ္ထုမှသည်ရုပ်ရှင် ဟောပြောပွဲများကျင်းပ
ယနေ့ရန်ကုန်စာအုပ်လမ်းတွင် စာကြည့်တိုက် ဥပဒေကြမ်းဆွေးနွေးပွဲ၊ ကိုအေးမင်းစိုး(အလင်းဆက်-IR)ရေးသည့် ကိုလိုနီခေတ်က
Line Walker -2 ရုပ်ရှင်ဇာတ်ကား ပြည်သူအများအပြား လာရောက်ကြည့်ရှု၊ ကြည့်ရှုလေ့လာသူများအတွက် ဖျော်ဖြေမှုတစ်ခုအသွင်ဖြစ်လာ
ရန်ကုန်မြို့လယ်ကောင်ရှိ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး Line Walker -2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို