မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် KMD တို့ပူးပေါင်း၍ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၁၉)ဖွင့်ပွဲကို မတ် ၂၄ ရက် နံနက် ၈ နာရီက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။ 
မင်းလှမြို့၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ရှာဖွေစစ်ဆေးခြင်းနှင့်အတူ အသိပညာပေးဟောပြော
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ပြည်သူ့ဆေးရုံ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (မကွေးတိုင်းဒေသကြီး)နှင့် ဆေးတက္ကသိုလ်(မကွေး)မှ သားဖွားမီးယပ်ဌာနတို့ ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ရှာဖွေစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို မတ် ၂၃ ရက် နံနက် ၇ နာရီခွဲမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တီကျစ်တိုက်နယ်ဆေးရုံတွင် တောင်ကြီးစဝ်စံထွန်းဆေးရုံမှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့ဆေးကုသမှုပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ၊ ရွာမဘုန်းတော်ကြီးကျောင်း၌ မတ် ၂၃ ရက်က တောင်ကြီးစဝ်စံထွန်းဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာအောင်ဝေစံနှင့် ဒေါက်တာမြခိုင် (သားဖွားနှင့်မီးယပ် ကလေးအထူးကု)တို့ ဦးဆောင်သောအဖွဲ့သည် ကျေးလက်ဒေသရှိ အထွေထွေရောဂါလူနာများအား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေများအား အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ချေးငွေများအား အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခြင်းကို
သုံးခွမြို့နယ် ညောင်နီကျေးရွာရှိ တိမ်ကောနေသော ဆင်ခေါင်းရိုးချောင်းအား တူးဖော်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ညောင်နီကျေးရွာနှင့် ပုလဲကျေးရွာ ဆက်စပ်လယ်ယာမြေများ မိုးတွင်းကာလ၌ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရည်ရွယ်၍ တိမ်ကောနေသော ညောင်နီကျေးရွာရှိ ဆင်ခေါင်းရိုးချောင်းအား တူးဖော်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက တွေ့ရှိရသည်။
ရွှေဘိုမြို့နယ် တကန်သာကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ဆန်နှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ရွှေဘိုမြို့နယ် တကန်သာကျေးရွာ၌ မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲက
မသန်စွမ်းသူများအသင်း ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်များ ရွေးချယ်ခြင်း အခမ်းအနား နေပြည်တော်တွင်ကျင်းပ
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်(ရန်ကုန်)မှ ကြီးမှူး၍ မသန်စွမ်းသူများအသင်း ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်များ ရွေးချယ်ခန့်အပ်ခြင်း အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အထွေးထွေအုပ်ချုပ်ရေးမှူး စုပေါင်းရုံးခန်းမဆောင်အတွင်း၌ ကျင်းပခဲ့သည်။