ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ သတ္တမအကြိမ် ညီလာခံကျင်းပ
ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများက ပံ့ပိုးပေးလျက်ရှိသည့် နည်းပညာနှင့် သင်တန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Conference of the Committee for the Coordination of Financial Sector Technical Assistance to Myanmar - COFTAM) သတ္တမအကြိမ် ညီလာခံကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်
ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကျောက်တော်မြို့နယ် ကျီးရာပြင် ကျေးရွာအနီး မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတို့အား AA အဖွဲ့က မတ် ၂၅ နှင့် ၂၆ ရက်တို့တွင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA အဖွဲ့ထံမှ အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ (၃)လက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လူနာတင်ယာဉ်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုတက်ရောက်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Mr. Hiroyuki TSUJI နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ 
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Mr. Hiroyuki TSUJI နှင့်အဖွဲ့ကို ယနေ့ ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
စားသုံးသူရေးရာဦးစီးဌာန၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ကလေးစာပေပွဲတော်(ပဲခူး) ကြိုတင်ပြင်ဆင်ထားမှုများအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တာဝန်ရှိသူများလိုက်ပါ၍ ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည့် ပဲခူးတက္ကသိုလ်အတွင်းရှိ ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့ညနေ (၄) နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။