(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ

ပြည်ထောင်စုစာရင်းစစ်ချုပ် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် စာရင်းစစ်ရုံးဝန်ထမ်းများ နှင့်တွေ့ဆုံ
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်းနှင့် သုံးခွမြို့နယ် စာရင်းစစ်ရုံးများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။
မိတ္ထီလာမြို့နယ်၌ ဂွမ်းမွှေးနှင့် ချည်အရည်အသွေး တိုင်းတာခြင်း နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်သည့် လုပ်ကွက်ငယ် အစုအဖွဲ့များ၊ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန် ဂွမ်းမွှေးနှင့် ချည်အရည်အသွေးတိုင်းတာခြင်း နည်းပညာသင်တန်းကို မတ် ၂၆ ရက်နေ့ နံနက် ၉နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မန္တလေးမြို့ရှိ ၃၈ လမ်း (အသစ်) ကို သင်္ကြန်အပြီးတွင် ဖွင့်လှစ်မည်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ ၃၈ လမ်း(အသစ်) ကို သင်္ကြန်အပြီးတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ပြည်သူအများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရယူသုံးစွဲနိုင်နိုင်ရန် ၆၆/ ၁၁ ကေဗွီမှ ၁၀ ကေဗွီ ထရန်စဖော်မာတိုးချဲ့တပ်ဆင်ပေး
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်  ၆၆/ ၁၁ကေဗွီ ဓာတ်အားခွဲရုံတွင် 5 (MVA)မှ 10 (MVA)  ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို မတ်၂၆ ရက် နံနက် ၇ နာရီမှ ည ၁၂  နာရီ ထိဆောင်ရွက်ခဲ့သည်။
မြောက်ဦးမြို့နယ် တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်သို့  နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ခိုလှုံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မေလ ၂၆ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။