တိုင်းရင်းဆေးဖြင့် ကျေးရွာအရောက် အခမဲ့ကွင်းဆင်းကုသပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်(၃၁)ရက်၊ မွန်းလွဲပိုင်းက ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာသို့ သွားရောက်ပြီး တိုင်းရင်းဆေး ဖြင့် အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။








