ကလေးဝမြို့နယ်ရှိ လေဘေးသင့်အိမ်ထောက်စုများအား အသုံးအဆောင်ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း မတ် ၃၁ ရက် ညနေက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အခြားအဆောက်အဦများ အမိုးသွပ်များလန်ခြင်း ဖြစ်ပွားခဲ့သော မြို့မ၊ ရွာသာ၊ သစ်ချောက်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၇၄ စုတို့အား  အသုံးအဆောင်ပစ္စည်း ငါမျိုးစီနှင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၂၀ဝ၅၀ဝ၀ ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သံဃာအပါး ၁၃၀ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၂ ရက် မွန်းလွဲ ၃ နာရီက အဆိုပါ ဘုရားကြီးပုရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)ဂုဏ်ထူးဆောင် နာယကများ အသိအမှတ်ပြုလွှာများ ပေးအပ်ခြင်းနှင့်  ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-Myanmar)တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်ခင်းရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ်များ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်
၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။