မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး၊ ပညာရပ်ဆိုင်ရာဟောပြောပွဲ၊ ပညာပေးပြခန်းများ ခင်းကျင်းပြသပွဲနှင့် ရေထွက်ပစ္စည်းဈေးပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ယနေ့မှစတင်ကာ မေ ၁၃ ရက်အထိ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင်လမ်းမကြီးနှင့် ဆေးဝါးစက်ရုံလမ်းထောင့်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပလျက်ရှိသည်။
တောင်ကြီးမြို့ လွတ်လပ်ရေးကျောက်တိုင် အားကစားကွင်းခန်းမ၌ ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကျင်းပ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက တောင်ကြီးမြို့ လွတ်လပ်ရေးကျောက်တိုင် အားကစားကွင်းခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့ဝင်များ နိုင်ငံရေးပါတီများ၊ အတွေ့အကြုံရှိ ပညာရှင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား သီးခြားစီတွေ့ဆုံ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ အတွေ့အကြုံရှိ ပညာရှင်များနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များအား သီးခြားစီတွေ့ဆုံသည်။
မြန်မာ့ရိုးရာနွားလှည်းယာဉ်နှင့် နွားအပြေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာတွင် ပထမအကြိမ် မြန်မာ့ရိုးရာ နွားလှည်းယာဉ်ပြိုင်ပွဲနှင့် နွားအပြေးပြိုင်ပွဲကို မေ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။
အင်းလေးဖောင်တော်ဦး ဘုရားဝန်းကျင် ပလတ်စတစ်ကင်းစင်ရေး စုပေါင်းဆောင်ရွက်
အင်းလေး ဖောင်တော်ဦးဘုရား ဝန်းကျင်တွင် ပလတ်စတစ်ကင်းမဲ့ဇုန် ဖြစ်ပေါ်လာရေး ရည်ရွယ်ချက်ဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းကို မေ ၁၁ ရက် နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရာသီတွင် စိုက်ပျိုးရန်အတွက် မတ္တရာမြို့နယ်တွင် ပျိုးပင်ပေါင်း (၄၅၀ဝဝ) စိုက်ပျိုးထား

မတ္တရာ ၁၁ မေ