အပူဒဏ်နှင့် သောက်သုံးရေ ရှားပါးလာသောကြောင့် ရွှေသမင်များ နေထိုင်မှုပုံစံပြောင်းလဲလာသဖြင့် ယခုနှစ် ရွှေသမင်ကောင်ရေ စာရင်းကောက်ယူမှုတွင် လျော့နည်းမှုဖြစ်ပေါ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘေးမဲ့တောထဲတွင် သဘာဝအတိုင်း ပေါက်ဖွားရှင်သန်နေသော ဒေသမျိုးစိတ် ရှားပါးရွှေသမင် အကောင်ရေစာရင်းများကို နှစ်စဉ်ဧပြီလရောက်တိုင်း စာရင်းကောက်ယူခဲ့ရာ ယခုနှစ်တွင် သမင်ကောင်ရေ (၉၅၂) ကောင်သာ ရှိသည်ဟု တွက်ချက်နိုင်ခဲ့ပြီး မျှော်မှန်းအကောင်ရေထက် ကောင်ရေ (၆၀ဝ)ခန့် လျော့နည်းသွားကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရုံးမှ သိရသည်။






