ဧရာဝတီလင်းပိုင်များ ပိုမိုထိရောက်စွာထိန်းသိမ်းကာကွယ်နိုင်ရန် လင်းပိုင် ထိန်းသိမ်းရေးဧရိယာကို အတည်ပြုပြဌာန်းပေးရန် လွှတ်တော်တွင် တင်ပြမည်

ရှားပါးမျိုးစိပ်ဖြစ်သော ဧရာဝတီ လင်းပိုင်များ ရေရှည်တွင် ပိုမိုထိန်းသိမ်း ကာကွယ်မှုပြုနိုင်စေရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်များ (သို့မဟုတ်) ပြည်ထောင်စု လွှတ်တော်မှ “ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ”အဖြစ် အတည်ပြု ပြဋ္ဌာန်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း သဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင်ဦးထံက သိရသည်။ 
ဘားအံ့မြို့နယ်၌ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ မော်တော်ယာဉ်/စက်ပြင်၊ ဂဟေဆက် သင်တန်းများဖွင့်
ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၉)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၉)၊ မော်တော်ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ် (၈)နှင့် ဂဟေသင်တန်း အမှတ်စဉ်(၇) သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံစက်မှုဇုန်အနီးရှိ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်းအခမ်းအနားကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း များနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။ 
တောင်သာမြို့နယ်တွင် ပထမအကြိမ်စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်း ဖွင့်လှစ်
စက်မှုဝန်ကြီးဌာန အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)နှင့်မန ္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း မြင်းခြံခရိုင်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၈၈)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက တောင်သာမြို့ မဟာပဏိတဓမ္မရိပ်သာကျောင်းတိုက်အတွင်း ဖွင့်လှစ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းဖွင့်
ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ရှစ်မျက်နှာ ဓမ္မရိပ်သာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မောင်တော၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်
သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံ-မြဝတီကားလမ်းတွင် မျက်နှာကြက်ကျောက်ပြားများတင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး လမ်းဘေးမြောင်းအတွင်း ထိုးကျတိမ်းမှောက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-မြဝတီကားလမ်းတွင် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မျက်နှာကြက် ကျောက်ပြားများတင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး မြောင်းအတွင်းထိုးကျကာ တိမ်းမှောက်သွား ခဲ့ကြောင်း သတင်းရရှိသည်။