မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ် ၈ မြို့နယ်ရှိ ကျေးရွာများတွင် လူနေအိမ်များ လဲပြိုခြင်းနှင့် အမိုးလန်ပျက်စီးမှုများဖြစ်ပွား
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၈)မြို့နယ်ရှိ ကျေးရွာများတွင် မေ ၂၈ ရက်၊ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ လဲပြိုခြင်း၊ အမိုးလန်ပျက်စီးခြင်းနှင့် မီးတိုင်များ ကျိုးကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
ဇလွန်မြို့တွင် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများ တပ်ဆင်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ယနေ့ မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လမ်းဘေးမီးတိုင်များတွင် အမှိုက်ခြင်းများ လိုက်လံတပ်ဆင်ပေးခဲ့ကြသည်။
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ၂၉ မေ

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နမူနာကောက်ကွက်များ ရွေးချယ်သတ်မှတ်၍ စာရင်းကောက်ကွက်မြေပုံများ Update ပြုလုပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီဌာနသည် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ နမူနာကောက်ကွက်များ ရွေးချယ်သတ်မှတ်ကောက်ယူသွားမည်ဖြစ်သည်။     
နိုင်ငံတကာအနေဖြင့် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးအရေးယူမှုများ ပြုလုပ်လာပါက သဘောမတူနိုင်ကြောင်း ဂျပန်နိုင်ငံသံအမတ်ကြီး ပြောကြား
နိုင်ငံတကာအနေဖြင့် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးအရေးယူမှုများ ပြုလုပ်လာပါက သဘောမတူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Maruyama က ပြောသည်။
ပြည်တွင်းပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့ မောင်တောဒေသ၌ သတင်းရယူ

မောင်တော ၂၉ မေ