စစ်ကိုင်းမြို့ မြို့မဈေးအတွင်း ခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းမြို့ မြို့မဈေးကြီးအတွင်း ရောင်းချနေသည့် မုန့်မျိုးစုံဆိုင်များနှင့် ရပ်ကွက်များ၌ ထုတ်လုပ်ရောင်းချနေသည့် မုန့်တီလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက စစ်ကိုင်းခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။








