အိမ်မဲမြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့်သီးနှံပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
၂၀၁၈ ခုနှစ်မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုအတွက်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၅ရက် နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဂျာမနီလူသားချင်းစာနာထောက်ပံ့ရေး ဘဏ္ဍာငွေဖြင့်  ဆောင်ရွက်ပြီးစီးခဲ့သည့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများအား ကျေးရွာသို့ လွှဲပြောင်းပေးအပ် 

မောင်တော ၁၆ ဇွန်  

တနိုင်းမြို့နယ်အတွင်းရှိ လူနာများအား အခမဲ့ဆေးကုသဆောင်ရွက်ပေး
ကချင်ပြည်နယ် မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်အဖွဲ့( ၁၇)ဦး ပါဝင်သော အဖွဲ့သည် ဇွန် (၁၄ )ရက်က နိုင်းမြို့နယ် ပြည်သူ့ဆေးရုံ၌  ပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်း တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာနက ဒေသခံပြည်သူများသို့ ပျိုးပင်များအခမဲ့ဖြန့်ဝေပေး
ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချနိုင်စေရေးအတွက် ပျိုးဥယျာဉ်မှပျိုးပင်ပေါက်များအား ယမန်နေ့နံနက်ပိုင်း အချိန်တွင် ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း ဖောင်းပြင်မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
တနိုင်းမြို့၌  သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင်  မိုးရာသီ  ဖြစ်ပွားလေ့ရှိသော သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်က ကင်ဆားရာရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။ 
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုနံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲ နှင့် စာအုပ်ပြပွဲကို ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ ၌ ပြုလုပ်သည်။