၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၃၄၉၁) သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ (၄၆၄) သန်း ပိုမိုခဲ့
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၁၃၀၆) သန်း နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၁၈၅) သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၄၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။







