ပူတာအိုမြို့ စစ်ဘေးရှောင်စခန်း၌ ရွေ့လျားစာကြည့်တိုက်နှင့် တိုင်းရင်းဆေးကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အိမ်တွင်းမီးဖိုချောင်သုံး တိုင်းရင်းဆေးဖက်ဝင် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် နည်လှည့်ဟောပြောပွဲနှင့် တိုင်းရင်းဆေး အသိပညာပေးခြင်းများကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် လုံးစွတ်ရပ်ကွက်၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်စခန်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရာသီတုပ်ကွေးရောဂါ(H1N1) နှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြေစိုက်ဘုတ်တွင် ပြသ
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်ပေါ်တွင် လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ(H1N1)နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလုထုများ ကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် (၁၂ပေ×၄ပေ) မြေစိုက်ဘုတ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များအား ယမန်နေ့ညနေပိုင်းက ပြသပေးခဲ့သည်။ 
Gonyi Shophouse ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်
မြန်မာ့ဂုဏ်ရည်လမ်းနဲ့ အထက်ပန်းဆိုးတန်းလမ်းထောင့်ရှိ Gonyi Shophouse အဆောက်အအုံ ရတနာပိုင်တိုင်စိုက်ထူခြင်းကို ဇွန် ၂၂ ရက် နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း UMTA CSR Foundation နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ (UMTA CSR Foundation)အဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ............
မြင်းမူမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်း (၁၁)ကျောင်း အဆင့်တိုးဖွင့်လှစ်သင်ကြားလျှက်ရှိ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ယခု) ကျောင်းဖွင့်ရာသီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊   စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်း (၁၁)ကျောင်း အဆင့်တိုးဖွင့်လှစ်ကာ .........
မကွေးမြို့ရှိ ငလျင်ဒဏ်ခံအိမ်ရာတိုက်ခန်းများ တစ်ဝက်ကျော်ရောင်းချပြီးစီး ကျန်တိုက်ခန်းများကို ၅ နှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချမည်
မကွေးမြို့၊ နတ်မောက်လမ်းမကြီးနှင့် ပေ(၇၀ဝ)ခန့်ကွာဝေးပြီး ဖန်ခါးမြေဂေါက်ကလပ်အရှေ့ဘက်ရှိ ဧရာဝတီအဆင့်မြင့်အိမ်ရာတိုက်ခန်းများကို ရစ်ချက်တာစကေး(၇)အဆင့် ငလျင်ဒဏ်ခံနိုင်သည်အထိ .............