ရွှေဘိုတွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ဇွန် ၂၆ ရက် နံနက် ၈ နာရီခွဲက ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းအား ရွှေဘိုမြို့ အမှတ်( ၅ )ရပ်ကွက် ရန်မျိုးအောင်ကွက်သစ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း (ချစ်တီးကွင်း )အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။






