ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ဆင်(၇)ကောင် ရောက်ရှိ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခတက္ကန်(တောင်)ကျေးရွာ ဗောဓိတထောင်သာသနာ့နယ်မြေ အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသော ဗောဓိတထောင်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ဇွန်(၂၆) ရက် မွန်းလွဲပိုင်းက မြန်မာ့သစ်လုပ်ငန်းမှ ဆင်(၇)ကောင်ရောက်ရှိလာပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ သစ်ထုတ်ရေးဒေသမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ ဖြိုးတိုးတက်ရေး စာအုပ်၊ စာစောင်များ ပေးအပ်
ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဇွန် ၂၇ ရက်    နံနက် ၁၁ နာရီ က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အ.ထ.က(၁) ရှိ ကျောင်းစာကြည့်တိုက်သို့  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်တက္ကသိုလ်တွင် “University Charter and Autonomy "ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ်တွင် ဒေါက်တာ မောင်သင်း ရေးသားသော "University Charter and Autonomy "ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခြေခံပညာကျောင်းများတွင် အာဟာရတိုက်ကျွေးရေးအခမ်းအနားကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာအုပ်စု၊ နန်းသြကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျင်းပခဲ့သည်။  
မန္တလေးဈေးချိုတော်တွင် စက်လှေကား အသစ်သုံးခု တပ်ဆင်သွားမည်
မန္တလေးဈေးချိုတော်တွင် ဆွစ်ဇာလန်နိုင်ငံထုတ် စက်လှေကား အသစ်သုံးစင်း လာမည့်ဇူလိုင်လတွင် တပ်ဆင်မည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင်  “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်’’ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် ကင်းဝေးစေရန်နှင့် ဆွေးနွေးပွဲများတွင် ------------
မိတ္ထီလာမြို့နယ်တွင် (၃၂)ကြိမ်မြောက် သီလရှင်အပါး (၃၂၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
မိတ္ထီလာမြို့၊  မြို့မရပ်ကွက်၌ ဝိသာခါအဖွဲ့မှ ဦးဆောင်၍ (၃၂)ကြိမ်မြောက် သီလရှင်အပါး (၃၂၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇွန် ၂၆ ရက်က ဆုတောင်းပြည့် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။