တောင်ကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေနစ်မြုပ်မှုဖြစ်ပွား

တောင်ကုတ်မြို့နယ်တွင် ဇူလိုင် ၄ ရက်ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြိုးကြားကွင်း အုပ်စုဘက်မှ တောင်ကျရေများ စီးဝင်လာပြီး ရေထွက်ပေါက်နည်း၍ ရေစီးရေလာ ကောင်းမွန်မှုမရှိသော တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် သံတွဲလမ်းခွကွက်သစ်နှင့် တောင်ကုတ် - ပြည် လမ်းမကြီး အ.ထ.က (၁) နှင့် စီမံကိန်းရုံးအကြား ရေကျော်မှုများကြောင့် သိမ်တောင်ရပ်ကွက်ရှိ စဉ့်အိုးကြီးအနီး ရပ်ကွက်တို့တွင် ဇူလိုင် ၅ ရက် နံနက်  ၄ နာရီမှ စတင်ကာ ရေကြီးနစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နိုင်ငံတကာအဆင့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခံရရေး ကြိုးပမ်းဆောင်ရွက်နေ
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နိုင်ငံတကာအဆင့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လှုပ်ရှားမှုဆိုင်ရာ ရှင်းလင်းပွဲကျင်းပ

ရန်ကုန်  ၅  ဇူလိုင်

ဆီဆိုင်မြို့နယ်တွင် ရောဂါမသိရဘဲ ကျွဲ(၉)ကောင်၊ နွား(၅)ကောင် သေဆုံးပြီး အချို့ ကျွဲ၊ နွား များ ရောဂါဖြစ်ပွားလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာတွင် ကျွဲ(၉)ကောင်၊ နွား(၅)ကောင် သေဆုံးပြီး တချို့ ကျွဲ၊ နွားများတွင် ရောဂါဖြစ်ပွား လျက်ရှိ ကြောင်း ဇူလိုင် ၅ ရက်နေ့တွင် လွယ်ပွတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မောင်တောမြို့၌ ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကို ဇူလိုင် ၅ ရက်နေ့ ညနေ ၃ နာရီက  မြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့်အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ............
ရုပ်သံလွှင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။