ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီ အစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဉီးအောင်ထူး သတ္တမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအကူအညီပေးရေး အစီအစဉ်ပြန်လည်ဆန်းစစ်ခြင်း ၂၀၁၉ နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ဇူလိုင် ၂ ရက်တွင် ကျင်းပသည့် International Trade Centre (ITC) ၏ 53rd Joint Advisory Group (JAG) အစည်းအဝေးနှင့်
အာဆီယံအစားအစာပွဲတော် ၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံအစားအစာပွဲတော် ၂၀၁၉ ကို မြန်မာနိုင်ငံခရီးစဉ်ဒေသဖြစ်သော မန္တလေးမြို့တွင် ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသည်။ 
ကျောင်းကား အစီး ၆၀ လှူဒါန်းမှု စီမံကိန်း လက်မှတ်ရေးထိုးပွဲကျင်းပ
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency-KOICA) တို့ပူးပေါင်း၍ ကျောင်းကားအစီး ၆၀ လှူဒါန်းမှုဆိုင်ရာ စီမံကိန်း လက်မှတ်ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွေးကောက်ပွဲများတွင် အားလုံးပါဝင်မှုမြှင့်တင်ရေး ပံ့ပိုးရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Republican Institute (IRI) အဖွဲ့ တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူနည်းလာ

ရေစကြို ၈  ဇူလိုင်  
    

 

စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို  လတ်တလောအရေးယူ ဆောင်ရွက်ခြင်းမရှိသေးဘဲ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ  သတ်မှတ်ကာလတစ်ခုရောက်ပါက အရေးယူသွားမည် 
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို  လတ်တလောအရေးယူ ဆောင်ရွက်ခြင်းမရှိသေးဘဲ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ သတ်မှတ်ကာလတစ်ခုရောက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။