ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံတာဝန်ခံများ၊ စိုက်ကွင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက တိုင်းစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။






