ဆွမ်းဦးပုညရှင်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး ၇၀ဝ အား ဆွမ်းကြီးလောင်းလှူမည်
စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်၏ ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး (၇၀ဝ)အား ဆွမ်းကြီးလောင်းလှူသွား မည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ကြားလျက်ရှိကြသည့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားအား ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ဇနီး ဒေါ်နီလာလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
မြစ်ကြီးနား၌ ရေဘေးသင့်အိမ်ထောင်စု(၂၇၉)စုအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

မြစ်ကြီးနား ၁၂ ဇူလိုင်

မော်ဟန်-လွယ်ခမ်းတောင် အန္တရာယ်ကွေ့ ကွန်ကရစ်လမ်း ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်-လွယ်ခမ်းတောင် အန္တရာယ်ကွေ့တွင် အဆိုပါ လမ်းပိုင်းအား ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်နိုင်ရေးအတွက်  ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည် ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်သက္ကေပြင် IDP စခန်းသို့သွားရောက်ကြည့်ရှု

စစ်တွေ ၁၂  ဇူလိုင်