ဖြူးချောင်းရေလှောင်တမံနှင့် ဖြူးချောင်းတစ်လျှောက် ရေစီးရေလာ အခြေအနေကြိုတင်စီမံခန့်ခွဲနိုင်ရန်အတွက် ပြည်သူများနှင့်တွေ့ဆုံရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်း ရေလှောင်တမံ ရေပိုလွှဲမှ မိုးရာသီကာလတွင် ရေကျော်ကျမှု များပြားလာပါက ဆည်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သူများ ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပိုမိုရရှိစေရေး၊ ဆက်နွယ်ပတ်သက်သည့် ဌာနဆိုင်ရာအသီးသီးနှင့် ရပ်ရွာအခြေပြုလူထုအဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်း  ဆောင်ရွက်သွားနိုင်ရေးအတွက် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ဖြူးချောင်း ရေလှောင် တမံဘက်စုံစီမံကိန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ မွန်းလွဲပိုင်းတွင် ဖြူးချောင်းဘေးတစ်လျှောက်ရှိကျေးရွာများသို့ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ကြသည်။
ရန်ကုန်မြို့တော်ကြီးကို စိမ်းလန်းစိုပြည်ကာ သန့်ရှင်းသာယာပြီး နေချင်စဖွယ်မြို့တော်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်နေ
သက္ကရာဇ် ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော်ကြီးကို စိမ်းလန်းစိုပြည်ကာ သန့်ရှင်းသာယာပြီး နေချင့်စဖွယ်မြို့တော်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ရည်မှန်းချက်ထားကာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၌ ယနေ့ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလေလွင့်ဆုံးရှုံးမှုမှာ ၄၅ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအကြားရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလေလွင့်ဆုံးရှုံးမှုမှာ ၄၅ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအကြားတွင် ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ဇူလိုင် ၁၅ ရက်နေ့က ကျင်းပသော သတင်း စာရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန်တက္ကသိုလ် အိပ်ဆောင်များ မွမ်းမံပြင်ဆင်ရေး ဘတ်ဂျက်အသုံးပြုမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရန်ကုန်တက္ကသိုလ် အိပ်ဆောင်များ မွမ်းမံပြင်ဆင်ရေး ဘတ်ဂျက်အသုံးပြုမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ------------
စေတုတ္တရာမြို့နယ် ကျေးရွာသုံးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ------
ဧရာဝတီမြစ်ရေ တိုးမှုကြောင့် နီးစပ်ရာ ရေဘေးရှောင် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင်  နံနက် ၆ နာရီ တိုင်းထွာချက်အရ ------
မှုခင်းလျော့နည်းကျဆင်းစေရေး ဧရာဝတီတံတား(မကွေး) ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ ပိတ်ဆို့စစ်ဆေး
ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် မှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် ဇူလိုင်လ (၁၅)ရက်နေ့ ညနေ ၅  နာရီအချိန်က ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၊ လမ်းတံတား အသုံးပြုခ ကောက်ခံရေးတိုးဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။