မြောက်ဦးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မိသားစုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အခက်ကြုံတွေ့နေရသော မိသားစုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။






