ပုဂံဒေသသို့ စက်ဘီးစီးလေ့လာရေးသွားရောက်ကြမည့် Bicycle Network Myanmar အဖွဲ့   ကျောက်ပန်းတောင်းမြို့နယ်မှ ပုဂံ-ညောင်ဉီးသို့ စတင်ထွက်ခွာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့မှ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ စက်ဘီးဖြင့် လေ့လာ ရေး သွားရောက်ကြမည့် Bicycle Network Myanmar အဖွဲ့သည်၊ ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ကျောက်ပန်း တောင်းမြို့နယ်သို့ ရောက်ရှိကြပြီး နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ပုဂံ-ညောင်ဉီးမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်၊၊
မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ အိမ်နံရံတစ်ခြမ်းပျက်စီး
ကရင်ပြည်နယ်  သံတောင်ကြီးမြို့တွင် ယမန်နေ့ညတစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်  သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက် လိပ်သိုလမ်း ဘယ်ဘက်ခြမ်း  ဦးစောရွှေလက်၏ နေအိမ်အနောက်ဘက်ခြမ်း အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့်ရှစ်ပေ မြေသားနံရံ ပြိုကျခဲ့သည်။
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၁၃ ကျောင်း ထပ်မံပိတ်ထား
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးကျေးရွာများရှိ အခြေခံပညာကျောင်းများအတွင်းသို့မြစ်ဝင်ရောက်သဖြင့် ဇူလိုင် ၂၆ ရက်နေ့ ယနေ့တွင်စာသင်ကျောင်း(၁၃)ကျောင်း ထပ်မံ၍ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွာသစ်မြို့ရှိ အသက်(၈၅)နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်များ ထောက်ပံ့
ကယားပြည်နယ်၊ ရွာသစ်မြို့ရှိမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာတို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ..........
ဓာတုလွတ် နှမ်းစိုက်ခင်းဖော်ဆောင်ခြင်းနှင့် တောင်သူပညာပေး လက်တွေ့သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းစီမံချက် ရှင်းလင်းဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာအစုအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ဓာတုလွတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်
မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြသမှု ဟားခါး၌ ဆောင်ရွက်
စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် ကျောင်းသား/ကျောင်းသူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ရည်ရွယ်လျက် ဟားခါးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ကျောဘုတ်)တွင် ..........