လှော်ကား - ဝါးတရာ လမ်းအား ထပ်ပိုးလွှာကွန်ကရစ်ကျောက်လမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသဖြင့် လမ်းအသုံးပြုခွင့်ပေးတော့မည်

ရွှေပြည်သာမြို့နယ်ရှိ လမ်းပေါက်ပျက်စီးနေသော လှော်ကား - ဝါးတရာ လမ်းမကို အရှည်ပေ ၉၀ဝ၀  အကျယ် ၂၄ ပေ ထု ၁၁ လက်မ လမ်းပခုံးသား ဝဲယာသုံးပေစီဖြင့် ထပ်ပိုးလွှာကွန်ကရစ် ကျောက်လမ်းသစ်ခင်းကျင်းခြင်းလုပ်ငန်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မြောက်ပိုင်းခရိုင်ခွဲမှ တာဝန်ယူခင်းကျင်းခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြင့်၍ သြဂုတ် ၁၀ ရက်တွင် ခရီးသွားယာဉ်နှင့် ပြည်သူများကို လမ်းအသုံးပြု ခွင့်ပေးတော့မည်ဟု ဇူလိုင် ၃၀ ရက်က သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်း ခရိုင်/မြို့နယ်များရှိ ဝန်ထမ်းများအားသတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို --------
နိုင်ငံတကာ ကင်းထောက် သက်ကြီးအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ
မလေးရှားနိုင်ငံ ကင်းထောက် သက်ကြီး အမျိုးသမီးအဖွဲ့က တာဝန်ယူကျင်းပသည့် -------
မိုင်းလားမြို့နယ်တွင် စိမ့်စမ်းရေထွက်ပင်ရင်းများ ရေရှည်တည်တံ့စေရေး သီးပင်စားပင့်နှင့်အရိပ်ရ အပင်များ စိုက်ပျိုး
ဒေသခံပြည်သူများ၏ စိမ့်စမ်းရေထွက်ပင်ရင်းများ ရေရှည်တည်တံ့စေရေး သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ------
မိုင်းယောင်းမြို့ အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် သဲပုံစေတီတော်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ရှင်ဥပဂုတ်တော်နှင့် သဲပုံစေတီတော်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ် ရွှေဇင်ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုမှုကြောင့် နေအိမ် ၃၇ လုံးရွှေ့ပြောင်းရ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် ကမ်းငူကြီးကျေးရွာအုပ်စု ရွှေဇင်ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် နေအိမ် ၃၇ လုံးအား ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ 
မြိတ်မြို့၌ ကုတင် ၁၀ဝ ဆံ့ သီတဂူစက္ခုဒါန ဆေးရုံ တည်ဆောက်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက် စပါးရွှေဝါလမ်းရှိ ဇီဝိတဒါန သံဃာ့ဆေးရုံဝင်းအတွင်း ခုတင် (၁၀ဝ)ဆံ့ မြိတ်မြို့ သီတဂူစက္ခုဒါနဆေးရုံကို ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။