ကိုရိုနာဗိုင်းရပ်စ်လှိုင်း ဒုတိယအကြိမ်ထပ်မံရိုက်ခတ်လာမည်ကို စိုးရိမ်နေတဲ့ ကမ္ဘာ့ နိုင်ငံများ
ဥရောပတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မှာ ရက်သတ္တပတ်အတော်ကြာပြီးနောက် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်တွေ့ရှိလိုက်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းပြန်လည်ရိုက်ခတ်လာနိုင်တဲ့ အန္တရာယ်ကို သတိပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။








