မျိုးဆက်သစ် လူရည်ချွန်များအား ဂုဏ်ပြုအပ်ပါသည်
၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်က ရွေးချယ်ချီးမြှင့်ခြင်းခံရသည့် မျိုးဆက်သစ် လူရည်ချွန်လေးများအား ဂုဏ်ပြုပွဲကို တစ်နိုင်ငံလုံးရှိ ခရိုင်မြို့ အများစုတွင် ၂၁-၈ - ၂၀၂၀ ရက် သောကြာနေ့က တစ်ပြိုင်နက်ကျင်းပရာ ၁၉၆၄-၁၉၈၈ ခုနှစ်အတွင်း ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည့် လူရည်ချွန်ကြီးများက မိမိတို့ နီးစပ်ရာ ခရိုင်မြို့များသို့ သွားရောက်ပူးပေါင်း၍ ဂုဏ်ပြုခဲ့ကြပါသည်။








