ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးတစ်ဦး ခန့်အပ်ရန်အဆိုပြုတင်ပြ
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့မြောက်၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးတစ်ဦး ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် အမည်စာရင်းပါ ဒေါ်ခင်မာဆွေအားလွှတ်တော်သို့ တင်ပြရာ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။