မန္တလေး ဇွန် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများသည် ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက သူနာပြုသိပ္ပံ (မန္တလေး)သို့ ရောက်ရှိကာ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် သုံးထပ် အုပ်ချုပ်ရေးဆောင် တည်ဆောက်ရေး လုပ်ငန်း၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူ လက်တွေ့သင်ကြားရေးခန်းများ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ စားဖိုဆောင်နှင့် ထမင်းစားဆောင်၊ သင်တန်းသား သင်တန်းသူ အဆောင်နှင့် ဆိုင်းဘုတ်တည် ဆောက်ရေး လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ငါးထပ်ဆောင် မြေညီထပ် ဘက်ဆုံသုံးခန်းမ၌ သူနာပြုသိပ္ပံ (မန္တလေး) သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စီမံရေးရာကိစ္စများ၊ သင်ကြားရေရာကိစ္စများ၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စများနှင့် သူနာပြု ကျင့်ဝတ်များကို လေးစားလိုက်နာရန်မှာကြားကာ လိုအပ်သည်များကို ဒေသဆိုင်ရာ အဖွဲ့စည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


