သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ်၊ လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော်၊ ဩဂုတ် ၁၀

 

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၈)ကို ဩဂုတ် ၁၂ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ရဲထိုက်နှင့် ပွင့်နဒီမောင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဩဂုတ် ၁၂၊ ၁၃ နှင့် ၁၄ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်