သတိပြု စားသုံးသင့်သည့် ဧပြီလထွက်ကြံ

မန္တလေး   မတ်

 

ကြံသည် အဟာရဓာတ်ကြွယ်ဝခြင်း၊ အရည်ဓာတ်များပြားပြီး ချိုသော အရသာရှိသဖြင့် နွေရာသီကာလတွင် လူအများ နှစ်သက်စွာ စားသုံးကြသည်။ ရာသီဥတုပူပြင်းလာမှုကြောင့် ကြံများသည် အလွယ်တကူ မှိုတက်လာပြီး မှိုတက်နေသည့် ကြံသည် အနီရောင်သို့ ပြောင်းလဲသွားတတ်သည်။ မှိုတက်နေသော ကြံသည် 3-Nitro Propionic အဖြစ် ပြောင်းလဲသွားပြီး အဆိုပါအက်ဆစ်ဓာတ်သည် အာရုံကြော အဆိပ်တက်ခြင်းကိုဖြစ်ပေါ်စေသည်။ အဆိပ်ပြင်အား ဝ ဒသမ ၅ ဂရမ် အောက်ပင်လျှင် လူတစ်ဦး အဆိပ်သင့် လက္ခဏာဖြစ်ပေါ်စေနိုင်ပါသည်။ အဆိပ်သင့်မှု မပြင်းထန်ပါက အစာခြေအူလမ်းကြောင်းတွင် တစ်နာရီခန့် မအီမသာဖြစ်ပွားတတ်ပြီး အဆိပ်ပြင်းထန်ပါက အော့အန်ခြင်း၊ ကြွက်တက်ခြင်းနှင့် နောက်ဆုံးတွင် အသက်ရှုကျပ်ပြီး သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။ 

 

ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပါကလည်းပြင်းထန်သော အဆိပ်ကြောင့် အာရုံကြောဆိုင်ရာနောက်ဆက်တွဲ ရောဂါဝေဒနာများ ကျန်ရှိတတ်ပါသည်။ ထို့ကြောင့် ဧပြီလထွက်ကြံသည် မြွေဆိပ်ထက်ပင် ပိုကြောက်စရာ ကောင်းသည်။ သို့ပါ၍ ကြံများဝယ်ယူရာတွင် ကြံအလယ်ဗဟိုအတွင်းနှင့် အခွံများကို ဂရုစိုက်ကြည့်ရှု၍ ဝယ်သင့်သည်။ အကယ်၍အတွင်း ဗဟိုသည်အနီရောင် သို့မဟုတ် အစိမ်းရင့်ရောင်၊ နီဝါရောင်အစက်များဖြစ်ပေါ်နေပါက ကြံ၏အရသာ ပြောင်းလဲနေပြီး စားသုံးရန် မသင့်တော့သည့် အခြေအနေဖြစ်သည်။ လမ်းဘေးတွင် ရောင်းချလျက်ရှိသည့် ကြံရည်ဆိုင်များတွင် ဝယ်ယူသောက်သုံးပါက အထူးသတိထားရန်လိုလေမည်။ ထို့ကြောင့် အနီစက်ပါသော မှိုတက်ကြံများပါဝင်ခြင်းရှိ၊ မရှိ စစ်ဆေးသတိပြုကြည့်ရှုပြီးတတ်နိုင်ပါက ကြံရည်အားလျော့၍ သောက်သုံးရန် အကြံပြုထားကြောင်း ရွှေလီဧရာသတင်းတွင် ရေးသားဖော်ပြထားသည်။ 

 

မန်း(ကိုယ်ပွား)