သထုံမြို့၌ အမျိုးသမီးတစ်ဦး ဘဏ်မှ ထုတ်ယူလာသော ငွေများလုယက်ခံရ

သထုံ ဇူလိုင် ၉

 

 

မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် သီဟဂုဏ် လက်ဖက်ရည်ဆိုင်အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးပေါ်၌ ကမ္ဘောဇဘဏ်မှထုတ်ယူလာသော ငွေထုပ် လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ သထုံမြို့ သိမ်ကုန်းရပ်ကွက် သီဟဂုဏ် လက်ဖက်ရည်ဆိုင်အနီး မင်းလမ်းမပေါ်ကြီးပေါ်၌ ဇူလိုင် ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သထုံမြို့ သရက်တောကျေးရွာနေ မမြနန္ဒာမှ ကမ္ဘောဇဘဏ်မှ ငွေကျပ် ၁၂ သိန်း ထုတ်ယူပြီး ပြန်လာစဉ် ငွေထုပ် ထည့်ထားသော လက်ကိုင်အိတ် တစ်လုံအား RSX အမျိုးအစား မိုးပြာရောင်(နံပါတ်မမှတ်မိ)ဆိုင်ကယ်စီးနင်းလာသော အမျိုးသားတစ်ဦးမှ လုယက် ထွက်ပြေးသွားကြောင်း သိရသည်။

 

 

သို့ဖြစ်ပါ၍ ငွေထုပ်လုယူ ထွက်ပြေးသွားသော အမျိုးသားအား ဖမ်းဆီးရမိနိုင်ရေးတွက် သထုံမြို့မ ရဲစခန်းက စုံစမ်းဖေါ်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

လှိုင်ထွန်းအောင်(သထုံ)